ထန်းသီးနုနု စားပေးမယ်ဆိုရင်
ထန်းသီး နုနုလေးကို ကျောက်ကျောထိုးပြီး စားစား၊ နို့စိမ်းနဲ့ ဖျော်သောက်သောက်၊ မနုမရင့် ထန်းသီဆံလေးကို ထန်းလျက်နဲ့ တွဲစားစား စားရတာ အရသာရှိတဲ့ ထန်းသီးလေးကို စားရင်း စိတ်ကျေနပ်မှုအပြင် ကျန်းမာရေး ကောင်းကျိုးလေးတွေပါ ရရှိစေနိုင်တယ်ဆိုတာ သိပြီးပြီလား? မသိသေးဘူးဆိုရင် Healtppyရဲ့ ဒီဆောင်းပါးလေးကို ဖတ်လိုက်တော့နော်။
ထန်းသီး ဆိုရာဝယ်
ထန်းသီးလို့ ဆိုပေမယ့် တစ်ကတော့ အသီးဆံလေးပါ။ အညိုရင့်ရောင်ထန်းသီးလေးထဲမှာ ထန်းသီဆံလေးတွေက ၃ ခုကနေ ၄ ခုလောက်အထိ ပါတတ်ပါတယ်။ အသားက ဂျယ်လီလို ဖြူကြည်ကြည်လေးပါ။ နုငေးရင် ဂျယ်လီပျော့ပျော့လေးလို အတော် စားကောင်းပါတယ်။
ထန်းသီး အာဟာရတန်ဖိုး မသေးပါဘူး
ထန်းသီးက အဆီလုံးဝ မပါဘဲ ပရိုတင်းကြွယ်ဝတဲ့ အသီးတစ်ခုပါ။ ဖော့စရိတ် ပါဝင်နေသလို ရေဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် ဘီ၊ ဇင့်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။
ထန်းသီး စားပေးရင် ကျန်းမာမှာပါ
ထန်းသီးက စားရတာ အရသာရှိသလို ကျန်းမာရေးအနေနဲ့လည်း
- အသားအရေ ကျန်းမာစေမယ်
အရေပြား ပြဿနာတွေ သက်သာစေဖို့ ထန်းသီးကို စားပေးလို့ ရသလို ထန်းသီးကို အရေပြားပေါ်မှာ တိုက်ရိုက် သုံးပေးလို့လည်း ရပါတယ်။ အရေပြား ယားယံတာကိုလည်း သက်သာစေနိုင်ပါတယ်။ ပူနွေးတဲ့ရာသီမှာ ခံစားရတဲ့ မိတ်ပြဿနာ သက်သာစေဖို့အတွက်လည်း ထန်းသီး စားပေးလို့ ရပါတယ်။
- သွေးချို ထိန်းပေးတယ်
ဆီးချို ရှိလည်း ထန်းသီးစားပေးလို့ ရပါတယ်။ အကြောင်းကတော့ ထန်းသီးက သွေးချို မတက်စေနိုင်တာကြောင့်ပါ။ ထန်းသီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။
- အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
ရင်ပူတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ သက်သာစေဖို့ ထန်းသီးကို စားပေးလို့ ရပါတယ်။ အစာအိမ်နာတာ သက်သာစေဖို့ဆိုရင်လည်း ထန်းသီးကို စားပေးလို့ ရပါတယ်။ ဝမ်းချုပ်တာ သက်သာချင်ရင် အခွံနွှာစားပါ။ ဝမ်းလျှောတာ သက်သာချင်တယ်ဆိုရင်တော့ အခွံကိုပါ စားပေးပါ။
- ရေဓာတ် ကြွယ်ဝစေတယ်
ရာသီဥတု ပူလို့ ဖြစ်ဖြစ်၊ လှုပ်ရှားမှု များပြီး ရေဓာတ်ဆုံးရှုံးလို့ ဖြစ်ဖြစ် ကိုယ်ထဲမှာ နည်းသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းနိုင်ဖို့ဆိုရင် ထန်းသီးစားပေးလို့ ရပါတင်္ယ။ ထန်းသီးက ကျန်းမာစေတဲ့ရေဓာတ်ပမာဏကို ရရှိစေဖို့ ကူညီပေးပါတယ်။
- အာဟာရချို့တဲ့မှု ကင်းစေတယ်
ထန်းသီးဆံလေးတွေကို စားပေးတာက ခန္ဓာကိုယ်မှာ အာဟာရ ချို့တဲ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အာဟာရပြည့်ဝစွာ ပါဝင်နေပြီး ကလေးရော လူကြီးပါ စားပေးလို့ ရပါတယ်။
- သန်ကျစေတယ်
ထန်းသီးကို သဘာဝ သန်ကျဆေးအဖြစ် အသုံးပြုပေးလို့ ရပါတယ်။ ထန်းသီးက သန်ကျစေသလို အသည်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
- ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ်
ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာချင်တယ်ဆိုရင် ထန်းသီးနုနုလေးကို စားပေးလို့ ရပါတယ်။ ထန်းသီးက ရေဓာတ် ဖြည့်ပေးပြီး ခေါင်းကိုက်တာ သက်သာစေဖို့ ထောက်ကူပေးပါတယ်။
အညာဒေသထွက် ထန်းသီးလေးက ကျန်းမာရေးအတွက် အကျိုးများတာ ယုံပြီဟုတ်
မွန်မွန်